Ko Pwar - Ko Htet&Min Khant

Ko Htett

Minn Khant

专辑:《Min Sait Kyite》

更新时间:2025-06-01 09:43:34

文件格式:mp3

网盘下载

Ko Pwar - Ko Htet&Min Khant 歌词

မျက်လုံးကလေးမှိတ်လို့

သူအနားနားတိုးလာတယ်

စကားလေးမပွင့်တစ်ပွင့်ပြောပြီး

သူအမြဲတမ်းပြုံးနေတယ်

အားပေးနှစ်သိမ့်တတ်တဲ့ကြင်နာသူလေးရယ်

ကျေးဇူးကွယ် မောင်အမြဲတမ်းပြုံးထားတယ်

တစ်ယောက်ထဲရှိတဲ့နေ့ညတွေ

ကုန်လွန်စေဖို့ရယ်

အဆက်အသွယ်ဖြတ်ပြီးထားခဲ့တာ

ငါတကယ်လွန်လွန်းတယ်

ငါမရှိတော့တဲ့နောက်မျက်ရည်မခြွေပါနဲ့ကွယ်

သိမ်းထားလှည့် ငါမရှိလဲဖြစ်ပါလိမ့်မယ်

ကြင်နာသူအလွမ်းဓာတ်ရှိနေလို့

ခဏလေးပဲဝမ်းနည်းတာ

ကြာရင်မင်းလဲပဲမေ့သွားတော့မှာ

စိတ်ဓာတ်မကျစေဖို့

အရင်လိုလေးပြုံးနေဖို့

နင့်ဘေးနားကိုယ်ပွားလေးဖြစ်ချင်လို့

ဒီလူဟာနင့်အတွက်မဖြစ်နိုင်လို့

ငါတောင်းဆုပြုလျက်ပါ

အချိန်တွေနဲ့အချစ်တို့ကုန်သွားတဲ့အခါ

နင်အမြဲသတိမရစေဖို့

အရင်လိုလဲမလွမ်းနေဖို့

အချိန်ကမင်းအတွက်ကုစားပေးမှာပါ

မျက်လုံးကလေးမှိတ်ပြီးမှ

မင်းအနားအရောက်လာမယ်

နင်ပျော်နေတာကိုကြည့်လို့

ငါထွက်သွားလိုက်ချင်တယ်

အားပေးနှစ်သိမ့်တတ်တဲ့ဒီလိုလူတစ်ယောက်နဲ့

ရှေ့ဆက်ကာ ဘဝလမ်းအသစ်လျှောက်ပေါ့ကွယ်

တစ်ယောက်ထဲရှိတဲ့နေ့ညတွေ

ကုန်လွန်စေဖို့ရယ်

အဆက်အသွယ်ဖြတ်ပြီးထားခဲ့တာ

ငါတကယ်လွန်လွန်းတယ်

ငါမရှိတော့တဲ့နောက်မျက်ရည်မခြွေပါနဲ့ကွယ်

သိမ်းထားလှည့် ငါမရှိလဲဖြစ်ပါလိမ့်မယ်

ကြင်နာသူအလွမ်းဓာတ်ရှိနေလို့

ခဏလေးပဲဝမ်းနည်းတာ

ကြာရင်မင်းလဲပဲမေ့သွားတော့မှာ

စိတ်ဓာတ်မကျစေဖို့

အရင်လိုလေးပြုံးနေဖို့

နင့်ဘေးနားကိုယ်ပွားလေးဖြစ်ချင်လို့

ဒီလူဟာနင့်အတွက်မဖြစ်နိုင်လို့

ငါတောင်းဆုပြုလျက်ပါ

အချိန်တွေနဲ့အချစ်တို့ကုန်သွားတဲ့အခါ

နင်အမြဲသတိမရစေဖို့

အရင်လိုလဲမလွမ်းနေဖို့

အချိန်ကမင်းအတွက်ကုစားပေးမှာပါ