Ko Htett
Pyae Gyii
更新时间:2025-06-09 20:13:46
文件格式:flac
ဟိုတစ်ချိန်က လွမ်းလို့နေတုန်းက
ရင်ခုန်သံများ လဲပြိုသွားတဲ့အခါ
နင်မပေးတဲ့ အချစ်ကို
ငါမျှော်နေဆဲ သေချာတယ်
ငါ့အတွက် ဖြစ်မလာတော့မှန်းသိတယ်
နင်မလိုချင်မှန်းသိရက်နဲ့ ငါဆက်တိုးပြီး
ရင်ထဲမှာ ကြိတ်ငိုနေကာ ခံစားပြီး
ဟိုးအတိတ်ရဲ့ အလွမ်းထုထည်
အငွေ့အသက်မှာ
ငါထိုင်လို့ငေးကာဆွေးရင်း တမ်းတနေတော့မည်
အရှုံးနဲ့ခဏ ငါရင်ဆိုင်တုန်းက
ဒီထက်ပို လွမ်းလို့ လွမ်းရင်းငါငိုမိခဲ့တာ
နောက်ဆုံးချိန်ထိတောင် နင်ထားလို့သွား
သေချာတယ် နောက်တစ်ယောက်ဘေးနား
နင်မရိုးသားတော့ပါလား
ဒီရင်မှာ အဆုံးထိ နာကျင်နေဦးမှာ
နင်လာရာလမ်းလေးက လွမ်းလို့ ငါ
ရင်ခုန်နေဆဲပဲ အချစ်သစ်ပင်ကြီးနဲ့အတူ
အတူထိုင်နေတဲ့ ဒီခုံတန်းလေးရဲ့အနား
ဒီရင်မှာ အဆုံးထိ နာကျင်နေဦးမှာ
နင်လာရာလမ်းလေးက လွမ်းလို့ ငါ
ရင်ခုန်နေဆဲပဲ အချစ်သစ်ပင်ကြီးနဲ့အတူ
အတူထိုင်နေတဲ့ ဒီခုံတန်းလေးရဲ့အနား
မမျှော်လင့်ထားတဲ့ အိပ်မက်တွေကအခု
ဒီအချိန်ဆို လွမ်းလို့
အလွမ်းပိုနေ နင်မသိဘူးလေ
ငါတစ်ယောက်ထဲလျှောက်နေ ဒီလမ်းမထက်မှာ
မင်းပုံရိပ်နဲ့ ဝိုးတဝါးအမြင်များ
ငါနမ်းခဲ့ဖူးတဲ့ နင့်ပါးလေးထက်မှာ
ဖြူစင်ခြင်းတွေနဲ့ အတူတူ ရင်ခုန်မိခဲ့တာ
အခုကျ နင် နောက်တစ်ယောက်အနားမှာ
ငါ့လိုအနမ်းများလောက် မရိုးသားတော့ပါလား
အရှုံးနဲ့ခဏ ငါရင်ဆိုင်တုန်းက
ဒီထက်ပို လွမ်းလို့ လွမ်းရင်းငါငိုမိခဲ့တာ
နောက်ဆုံးချိန်ထိတောင် နင်ထားလို့သွား
သေချာတယ် နောက်တစ်ယောက်ဘေးနား
နင်မရိုးသားတော့ပါလား
ဒီရင်မှာ အဆုံးထိ နာကျင်နေဦးမှာ
နင်လာရာလမ်းလေးက လွမ်းလို့ ငါ
ရင်ခုန်နေဆဲပဲ အချစ်သစ်ပင်ကြီးနဲ့အတူ
အတူထိုင်နေတဲ့ ဒီခုံတန်းလေးရဲ့အနား
ဒီရင်မှာ အဆုံးထိ နာကျင်နေဦးမှာ
နင်လာရာလမ်းလေးက လွမ်းလို့ ငါ
ရင်ခုန်နေဆဲပဲ အချစ်သစ်ပင်ကြီးနဲ့ အတူ
အတူထိုင်နေတဲ့ ဒီခုံတန်းလေးရဲ့အနား
အရင်က နင့်ဘေးနား ငါရှိနေပေးပါ
နင်ရင်ဖွင့်တဲ့အချိန်တွေဆို လွမ်းနေပေးပါ
ဒီအချိန်ဘယ်သူ့ဘေးနား
နင်အဆင်ပြေရဲ့လား
သူပေးတဲ့အချစ်ကရော လုံခြုံသေးရဲ့လား
ဒီရင်မှာ အဆုံးထိ နာကျင်နေဦးမှာ
နင်လာရာလမ်းလေးက လွမ်းလို့ ငါ
ရင်ခုန်နေဆဲပဲ အချစ်သစ်ပင်ကြီးနဲ့အတူ
အတူထိုင်နေတဲ့ ဒီခုံတန်းလေးရဲ့အနား
ဒီရင်မှာ အဆုံးထိ နာကျင်နေဦးမှာ
နင်လာရာလမ်းလေးက လွမ်းလို့ ငါ
ရင်ခုန်နေဆဲပဲ အချစ်သစ်ပင်ကြီးနဲ့အတူ
အတူထိုင်နေတဲ့ ဒီခုံတန်းလေးရဲ့အနား