Tha Di Ya Yone Lay - Ko Htett&Pyae Gyii

Ko Htett

Pyae Gyii

专辑:《Nin Kyay Nat Yin》

更新时间:2025-06-08 21:59:02

文件格式:mp3

网盘下载

Tha Di Ya Yone Lay - Ko Htett&Pyae Gyii 歌词

လွန်လေပြီးသော အတိတ်တရံတခါ

ဒဏ်ရာများနဲ့ ပြည့်နေတဲ့နှလုံးသား

မနာကျင်ရဲတော့လို့ သိမ်းကာထားပြီး

ဂုဏ်ငွေနတ္တိဘဝရဲ့ အနာဂတ်များဆီ

အမှတ်မထင်ကြုံခဲ့ရ နင်ခဏတာစိတ်ကစားလို့

မရင့်ကျက်တဲ့ မင်းရဲ့နုနယ်တဲ့

နှလုံးသားက ဦးနှောက်ထက်ပို

နင်မသိတဲ့အချစ်ဆိုတာ အပူဆုံးမီး

ငါသိထားတဲ့အချစ်ဆိုတာ လောင်ကျွမ်းပြီး

တန်ဖိုးရှိတဲ့ မင်းဘဝခရီးကို

မသေချာတဲ့အချစ်တွေနဲ့ အတူမရူးမိုက်စေလိုဘူး

မရေရာတဲ့စိတ်တို့နဲ့

ငါကိုယ်တိုင်မစွဲလမ်းမိအောင် ထိန်းချုပ်ဆဲ

အပျော်ဆန်ဆန်ချိန်းလို့တွေ့တဲ့ အခိုက်တန့်လေးဝယ်

နွေးထွေးလွန်းတဲ့ အချစ်တွေကိုနင်ပေးခဲ့

ဘာမှထပ်ပြီး မမျှော်လင့်တော့

ဘာမှထပ်ပြီး မတောင်းဆိုတော့

နင်ချန်ထားခဲ့သလို ရှိလိမ့်ပါစေတော့

အချိန်တန်ရင် ကိုယ့်ဘဝနဲ့ကိုယ်ပဲပေါ့

ခဏလောက် မင်းရှိတဲ့အချိန်လေး

ရင်ခွင်ထဲဝင် ပွေ့ဖက်နမ်းရှိုက်လို့

နွေးထွေးလွန်းတဲ့ အခိုက်တန့်လေး

လွမ်းတော့မလွမ်းပါ သတိရရုံလေးပဲ

လွမ်းတော့မလွမ်းပါ သတိရရုံလေးပဲ

မေ့ဖျောက်ထားပေမယ့် အလိုလိုအတွေးထဲရောက်လာခဲ့

ငါ့နှလုံးသားကြမ်းတမ်းလွန်းတယ် မင်းအတွက်

နင်ဘယ်လောက်ထိ နားလည်မလဲ

အို..အချစ်စစ်ရဲ့အဓိပ္ပါယ်နဲ့

မရေရာတဲ့အကြောင်းပြချက် တစ်ခုလောက်တောင်

အရေးမထား

နင်မသိတဲ့အချစ်ဆိုတာ အပူဆုံးမီး

ငါသိထားတဲ့အချစ်ဆိုတာ လောင်ကျွမ်းပြီး

တန်ဖိုးရှိတဲ့မင်းဘဝခရီးကို

မသေချာတဲ့အဲ့ဒီအချစ်အတွက်နဲ့မရူးမိုက်စေလို

မရေရာတဲ့စိတ်တို့နဲ့

ငါကိုယ်တိုင်မစွဲလမ်းမိအောင် ထိန်းချုပ်ခဲ့

အပျော်ဆန်ဆန်ချိန်းလို့တွေ့တဲ့ အခိုက်တန့်လေးဝယ်

နွေးထွေးလွန်းတဲ့ အချစ်တွေကိုနင်ပေးခဲ့

ဘာမှထပ်ပြီး မတောင်းဆိုတော့

ဘာမှထပ်ပြီး မမျှော်လင့်တော့

နင်ချန်ထားခဲ့သလို ရှိလိမ့်ပါစေတော့

အချိန်တန်ရင် ကိုယ့်ဘဝနဲ့ကိုယ်ပဲပေါ့

ခဏလောက် မင်းရှိတဲ့အချိန်လေး

ရင်ခွင်ထဲဝင် ပွေ့ဖက်နမ်းရှိုက်လို့

နွေးထွေးလွန်းတဲ့ အခိုက်တန့်လေး

လွမ်းတော့မလွမ်းပါ သတိရရုံလေးပဲ

လွမ်းတော့မလွမ်းပါ သတိရရုံလေးပဲ

ဘာမှထပ်ပြီး မမျှော်လင့်တော့

ဘာမှထပ်ပြီး မတောင်းဆိုတော့

နင်ချန်ထားခဲ့သလို ရှိလိမ့်ပါစေတော့

အချိန်တန်ရင် ကိုယ့်ဘဝနဲ့ကိုယ်ပဲပေါ့

ခဏလောက် မင်းရှိတဲ့အချိန်လေး

ရင်ခွင်ထဲဝင် ပွေ့ဖက်နမ်းရှိုက်လို့

နွေးထွေးလွန်းတဲ့ အခိုက်တန့်လေး

လွမ်းတော့မလွမ်းပါ သတိရရုံလေးပဲ